မိန်းမနှစ်ယောက်ရှိပြီးသားဖြစ်ပေမယ့် နောက်တစ်ယောက်ထပ်ယူဖို့ရှာနေတဲ့ အမျိုးသား

ဒီလူဟာ အထက်တန်းကျောင်း မှာတုန်းကတော့ “ကောင်မလေး တစ်ယောက်ရချင်ပါသည်” ဆိုပြီးတော့မဲပေးခဲ့ဖူးတယ်တဲ့ ။ ဒီဆောင်းပါးမှာ စာဖတ်သူတစ်ချို့အတွက်မသင့်တော်တဲ့အရာတွေပါကောင်းပါနိုင်ပါတယ် ။

ကောင်မလေး ၂ ယောက် ဒါမှမဟုတ် ကောင်လေး နှစ်ယောက်က သင့်ကို Threesome လုပ်မလားလို့မေးလာတဲ့အခါ သင်ဘယ်လိုပြန်ဖြေမလဲ ။ ဒီကိစ္စကို သဘာဝမကျဘူးလို့ ကျွန်တော်အရင်ကတွေးထားခဲ့ပေမယ့် ကျွန်တော်မှားသွားပြီထင်တယ် ။ ကြည့်ရတာ လူတွေက သုံးယောက်အတူပျော်ရတာကို နှစ်ခြိုက်လာကြတဲ့ပုံပဲ ။

လန်ဒန်မှာနေတဲ့ အသက် ၃၄ နှစ်အရွယ် Adam Lyons ကိုပဲကြည့်..

အထက်တန်းကျောင်းမှာ “ရည်းစားတစ်ယောက်တော့ရချင်ပါတယ်” လို့မဲပေးခဲ့တဲ့သူဟာအခုတော့ မိန်းမလှလေးနှစ်ယောက်ဖြစ်တဲ့ Brooke Shedd နဲ့ Jane Sahlakhova တို့နှစ်ယောက်နဲ့တွဲခုတ်နေပါတယ် ။

ရည်းစားနှစ်ယောက်နှင့် Adam Lyons , Jane Shalakova (ညာ) နှင့် Brooke Shedd (ဘယ်)

တချို့အမျိုးသား တွေ (အမျိုးသမီးတွေလည်းပါတာပေါ့) က ဒီလူဟာဘယ်လောက်ကြည့်ကောင်းလို့အခုလိုမျိုးနေနိုင်သလဲလို့တွေးမိကြမှာပါ..

ဆယ်ကျော်သက်အရွယ်မှာအလှောင်ပြောင်ခံရမှုတဲ့ခံရတဲ့နောက်ပိုင်းမှာတော့ သူစိတ်ဓါတ်တွေလုံးဝပျက်ဆီးသွားခဲ့ပါတယ် ။ ဘယ်ကောင်မလေးမှစိတ်ဝင်စားမှာမဟုတ်ဘူးလို့ယူဆခဲ့ပြီးတော့ လူ့အသိုင်းအဝိုင်းရဲ့အဝေးမှာနေထိုင်ခဲ့ပါတယ် ။ ဒါပေမယ့် သူ့အသက် ၂၅ ရောက်တဲ့အခါမှာတော့ သူ့ဘဝကိုသူပြောင်းပြန်လှန်ပစ်ခဲ့ပါတယ် ။ ဆောင်းပါးတွေထဲမှာရေးသားထားတဲ့ ရည်းစား ဘယ်လိုရအောင်လုပ်ရမလဲဆိုတာတွေသူဖတ်တယ် ။

ပြီးတော့ သူ့ကို ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်လိုမြင်လာအောင် ဆိုက်ကိုနည်းလမ်းတွေသုံးခဲ့သေးတယ် ။

ကျွန်တော်အလုပ်ပြီးတော့ နေ့လည်စာစားတဲ့အချိန်မှာ Lencester Square မှာမတ်တပ်ရပ်ပြီးတော့ ဖြတ်လျောက်သွားတဲ့ကောင်မလေးတွေရဲ့ဖုန်းနံပတ်ကိုတောင်းဖို့လေ့ကျင့်ခဲ့သေးတယ် လို့ Adam ကပြောကြားခဲ့ပါတယ် ။

“ကျွန်တော်လိုချင်တဲ့ ဘယ်မိန်းမလှကိုမဆိုရနိုင်တယ်လို့ကျွန်တော်ခံစားရပါတယ်

တကယ်တော့ ကျွန်တော် မိန်းကလေး ၁၄ ယောက်နဲ့တစ်ပြိုင်ထဲတွဲခဲ့ဖူးတယ်…ရူးသွပ်စရာပါပဲ”

မကြာခင်မှာပဲ ကျောင်းတုန်းက သူသဘောကျခဲ့တဲ့ အရမ်းလန်းလွန်းတဲ့ကောင်မလေးတွေနဲ့အတူ အကြိမ်ပေါင်းများစွာ အတူအိပ်နိုင်ခဲ့ပါတယ် ။

Adam ဟာ မိန်းကလေးတွေကိုဆွဲဆောင်နိုင်တဲ့ အနုပညာမှာ ဆရာတစ်ဆူဖြစ်လာပြီး အချစ်ရေးနည်းပြဆရာတစ်ယောက်အဖြစ်အလုပ်လုပ်ကိုင်နေပါတယ် ။ Youtube Channel တစ်ခုဖွင့်ခဲ့ပြီး ဘယ်လိုကြိုးစားရမလဲဆိုတဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုလေးတွေ တင်ထားခဲ့ပါသေးတယ် ။ အခုဆိုရင်သူ့ Channel မှာ Subscribers ပေါင်း ၄၇၀၀၀ ကျော်ရှိနေပါပြီ .။

ဒီပညာရပ်မှာတော်လွန်းတဲ့အတွက် Brooke နဲ့ Jane ကိုရခဲ့တာလား ။

အသက် ၂၆ နှစ်အရွယ် တက္ကဆတ်သူ Brooke ဟာ Adam ကိုမြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးပါ ။ Brooke ဟာ ဘားတင်ဒါတစ်ယောက်အနေနဲ့အလုပ်လုပ်ခဲ့တဲ့အချိန်မှာ Adam နဲ့တွေ့ခဲ့တာဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးခဲ့တဲ့သူကတော့ Adam ရဲ့ဇနီး Alexandra (နာမည်အရင်းမဟုတ်) ပါပဲ ။ Brooke က Alexandra ရဲ့သူငယ်ချင်းတစ်ယောက်ပါ ။

သူတို့နှစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့သံယောဇဉ်တစ်ခုဝင်မလာခင်အထိ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ Adam ဟာ တခြားအမျိုးသမီးတွေနဲ့ရှုပ်နေတာကိုရပ်လိုက်တဲ့အပြင် Alexandra နဲ့လည်းကွာရှင်းခဲ့ပါတယ် ။

ကျွန်တော်နဲ့ Brooke နဲ့ အချင်းချင်းချစ်နေကြတယ်ဆိုတာ တဖြည်းဖြည်းသိလာတဲ့အတွက်ပါ လို့ Adam ကပြောကြားခဲ့ပါတယ် ။ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ Brooke ရဲ့ အရင်အိမ်ထောင်မှပါလာတဲ့ ၅ နှစ်သားကလေးတစ်ယောက်နှင့်အတူ နေထိုင်ခဲ့ကြပါတယ် ။

” ကျွန်တော်ကတော့ရှုပ်ထွေးတဲ့ဘဝနေထိုင်မှုကိုနှစ်သက်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပါတနာက ကိုယ်လိုအပ်တဲ့အချိန်မှာမဖြည့်ဆည်းပေးနိုင်တဲ့အခါ တခြားတစ်ယောက်နဲ့ချိန်းတွေ့တာဟာမမှားပါဘူး ” လို့ Adam ကပြောကြားခဲ့ပါတယ်

Adam ဟာ Alexandra နဲ့ ရခဲ့ပြီးတဲ့အချိန်မှာတောင် ပွေတာမရပ်ခဲ့သလို Brooke ကလည်းအမျိုးသမီးချင်းစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် တစ်ခြားကောင်မလေးတွေနဲ့ချိန်းတွေ့နေပါသေးတယ် ။ ဒီတော့ သူက Adam ကိုပွင့်ပွင့်လင်းလင်းဖြစ်စေဖို့ညှိနှိုင်းတယ် ။ နောက်တော့ တခြားအမျိုးသမီးတစ်ယောက်ကိုထပ်ရှာဖို့သဘောတူခဲ့တယ် ။

Brooke နဲ့ Adam ရဲ့ပထမဆုံး Threesome ကတော့ အဖော်အချွတ်ကချေသည်တစ်ယောက်နဲ့ပါပဲ ။

ဒီစုံတွဲဟာ ကောင်မလေးတစ်ယောက်ရှာဖို့အတွက် ဘားကိုထွက်လာခဲ့ကြတာပါ ။

အေပရယ် ၂၀၁၃ မှာတော့ Jane ဆိုတဲ့ ရုရှားဓါတ်ပုံဆရာ နှစ်ဖက်ချွန်အမျိုးသမီးတစ်ယောက်ဟာသူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ် ။

တက္ကဆတ်က ကလပ်တစ်ခုမှာ Jane နဲ့တွေ့ခဲ့တာဖြစ်ပြီးတော့ နှစ်ယောက်လုံးကသူ့ကိုသဘောကျခဲ့တယ် ။ စကားစမြည်ပြောဖြစ်ခဲ့ကြပေမယ့် အဲ့ဒီညမှာ အတူအိပ်ဖို့အတွက်တော့ မညှိခဲ့ကြပါဘူး ။

Jane ဆီမှာ ထူးခြားတဲ့အရာတစ်ခုကိုတွေ့ခဲ့ကြတဲ့အတွက် အလျင်မလိုဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။ သုံးကြိမ်မြောက်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ threesome ဖြစ်သွားခဲ့ပါတယ် ။

Adam နဲ့ Brooke နဲ့ကျွန်မဆုံတဲ့အခါမှာ သူတို့ကြားမှာ ဖိအားတွေမရှိတာကို ကျွန်မသဘောကျတယ် လို့ Jane ကပြောပါတယ် ။ Jane LA မှာအလုပ်မလုပ်တဲ့အခါမှာ သူတို့စုံတွဲဟာ Jane ဆီကို ခနခနလာလည်ပါတယ် ။ နောက်တော့သူတို့ရဲ့သား Oliver နဲ့ Jane ကိုမိတ်ဆက်ပေးတဲ့အခါမှာလည်း Jane ကို Oliver လေးက သဘောကျခဲ့ပါတယ် ။

၂၀၁၄ မှာ Adam ရယ် Brooke ရယ် Oliver ရယ်ဟာ Jane နဲ့နီးစပ်ဖို့အတွက် LA ကိုပြောင်းလာခဲ့ကြပါတယ် ။ သူတို့မိသားစုနေဖို့အတွက် အိမ်တစ်လုံးလည်းဝယ်ယူခဲ့ပါတယ် ။ တစ်နှစ်လောက်အတူတူနေခဲ့ကြပြီးတဲ့နောက်မှာ Brooke ကိုယ်ဝန်ရှိလာခဲ့ပြီး Adam ရဲ့သားကိုမွေးဖွားပေးခဲ့တယ် ။ ကလေးနာမည်ဟာ Dante ဖြစ်ပြီးတော့ Jane ကလည်း မကြာခင်မှာ ကလေးယူဖို့အတွက်စီစဉ်နေပါတယ် ။

ကျွန်မတို့ကလေးတွေကြီးပြင်းလာတဲ့အခါသူတို့ထင်ချင်သလိုထင်ကြလိမ့်မယ် ။ ကျွန်မတို့မျှော်လင့်ထားတာတစ်ခုကတော့ သူတို့ရဲ့ပတ်ဝန်းကျင်မှာ အချစ်တွေဘယ်လောက်များ လဲဆိုတာသိဖို့ပါပဲ လို့ Brooke က ပြောကြားခဲ့ပါတယ် ။

ဒီသုံးယောက်ရဲ့အပြောအရတော့ သူတို့ဆက်ဆံရေးမှာအချိန်ကအရေးပါတဲ့အရာတစ်ခုပါပဲတဲ့ ။ တစ်တွဲချင်းစီအတွက် ညတွေသတ်မှတ်ထားပါတယ်တဲ့ ။ Adam ရယ် Brooke ရယ် Jane ရယ်ဟာ ၄ ယောက်မြောက်ပါတနာကို ဆက်လက်ရှာဖွေနေပါတယ် ။ လေးယောက်မြောက်ပါတနာအကြောင်းကိုလည်းအခုလိုပွင့်ပွင့်လင်းလင်းပြောဆိုထားပါတယ် ။

“ကျွန်မတို့အချင်းချင်းလည်း အဆင်ပြေနေပါတယ် ၊ ဒါပေမယ့် ကျွန်မတို့ရဲ့ဘဝနေထိုင်မှုနဲ့ လိုက်လျောညီထွေရှိတဲ့ အခြားအမျိုးသမီးတစ်ဦး ကျွန်မတို့ဘဝထဲဝင်လာနိုင်ဖို့လည်း လမ်းဖွင့်ပေးထားပါတယ် ”

“ဒါဟာ ကျွန်မတို့ကြားမှာပြဿနာတစ်ခုမဟုတ်ပါဘူး တစ်ယောက်ယောက်ကို ကိုယ့်ဘဝထဲ ချက်ချင်းပစ်ထည့်လို့မရဘူးလေ ပြီးတော့ ကိုယ်ဘဝဲ့လိုက်လျောညီထွေရှိမယ့် လူတစ်ယောက်ကိုရှာဖို့ဆိုတာခက်ခဲပါတယ် ဒီ့အပြင် နောက်ဝင်လာမယ့်တစ်ယောက်ဟာလည်း ကျွန်မတို့သုံးယောက်လုံးသဘောတူတဲ့လူဖြစ်ရပါမယ်” လို့ Brooke ကပြောခဲ့ပါတယ် ။

တော်တော်ကံကောင်းတဲ့လူပဲ!!!!

Credit Writer_Min Thu ( XYZ NEWS )